အောင်လံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများဖြေဆို

အောင်လံ မတ် ၁၇

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံး၌ မတ်လ(၈)ရက်နေ့မှစတင်၍ ဖြေဆိုခဲ့ရာ ယနေ့တွင် ပထဝီဝင်ဘာသာရပ် ဖြေဆိုလျက်ရှိပါသည်။ အောင်လံခရိုင် အောင်လံမြို့နယ်၌ စာစစ်ဌာန(၅)ခုရှိပြီး ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကိုအေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အောင်လံမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ-ထ-က(၁)၊ အ-ထ-က(၃)၊ အ-ထ-က(ပြလို့)၊ အ-ထ-က(သမ္ဘူလ)၊ အ-ထ-က(ကျီရပ်ကုန်း) စာစစ်ဌာန(၅)ခုတွင် သမိုင်းဘာသာရပ် စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသူ(၉၁)ဦးရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ(၇၁)ဦးရှိပြီး ပျက်ကွက်သူ(၂၀)ဦးရှိသဖြင့် ၇၈.၀၂ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးသိန်း(ပြန်/ဆက်)