တောင်ကုတ် မတ်လ ၁၇
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ (၂) နာရီ အချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးက အမှာစကား ပြောကြားပြီး နောက် ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမြင့်က မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံတွင် အဖွဲ့ဝင်နိုင်ငံ အဖြစ် ပါဝင်ကာ ကလေးသူငယ်ဥပဒေများကို ပြဋ္ဌာန်းပြီး ကလေးသူငယ်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နေမှုများ၊ ကလေးသူငယ်အခွင့်အရေးများကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို အဆင့်ဆင့် ဖွဲ့စည်း၍ ကာကွယ်ဆောင်ရွက်နေမှုနှင့် ပြစ်မှုကျူးလွန်ပါက ကျခံရမည့် ပြစ်ဒါဏ်များကို ရှင်းလင်းဆွေးသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် ဌာနဆိုင်ရာများ ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိငြိမ်းနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)