တောင်ကုတ်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေး အစည်းအဝေး ကျင်းပ

တောင်ကုတ်   မတ် ၁

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန် မြို့နယ်ခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်လာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ သင်္ကြန်အကြိုနေ့တွင် နံ့သာသွေးပြိုင်ပွဲနှင့် ဘုရားရေသပ္ပါယ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်တွင် ယိမ်းအကပြိုင်ပွဲများ ကျင်းပခြင်း၊ တေးဂီတများဖြင့် ဖျော်ဖြေခြင်း၊ ရေကစား မဏ္ဍပ်တွင် ရခိုင်ရိုးရာအစဉ် လာမပျက်လောင်းလှေများဖြင့် ရေကစားခြင်းများနှင့် သင်္ကြန်ပွဲတော် ဖွင့်ပွဲ ၊ ပိတ်ပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့မိ၊ မြို့ဖများက မဟာသင်္ကြန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး ဆွေးနွေးကြသည်။

တောင်ကုတ်မြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ မြို့မိ၊ မြို့ဖများက ကော်မတီများ ဖွဲ့စည်း၍ သင်္ကြန်ပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲများ ပြုလုပ်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ယိမ်းအဖွဲ့များဖြင့် ကပြဖျော်ဖြေခြင်း၊ ဆုများချီးမြှင့်ခြင်း၊ သင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ရေကစားခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)