သာပေါင်း မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန်က အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း)တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြ သည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၃ ခုနှစ် မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား စာမေးပွဲဖြေဆိုပြီးချိန်တွင် ဖြန့်ဝေပေးခဲ့ကြ သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၇-၃-၂၀၂၂ ရက်နေ့တွင် ကျင်းပသည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ တပ်မတော်၏အား (၁၀)ပါး၊ ပြည်သူချစ်တဲ့ တပ်မတော် ကဗျာ၊ ကာတွန်း၊ ဆောင်းပါးနှင့် ဆောင်ပုဒ်များပါဝင်သော သတင်းစကားလက်ကမ်းစာစောင်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ သိရှိဖတ်ရှုနိုင်စေရန် အတွက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်