ကသာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သတင်းနည်းပညာ သင်တန်း ဖွင့်လှစ်

ကသာ မတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ မတ်လ (၁၄)ရက်နေ့နှင့် မတ်လ (၁၅) ရက်နေ့တို့တွင် မွန်းလွဲ (၂)နာရီအချိန်၌ သတင်းနှင့်နည်းပညာသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုအကြောင်းများ၊ သတင်း (NEWS)အကြောင်း၊ မီဒီယာ(Media)အကြောင်း၊ သတင်းအချက်အလက်များ (Information) အကြောင်း၊ သတင်းတုသတင်းယောင်များ (Fake News) အကြောင်း၊ သတင်းမှန်များကို ထုတ်လွှင့်ပေးနေသော မီဒီယာများ၊ သတင်းတု သတင်းမှားများကို လွှင့်တင်နေသော မီဒီယာများ အကြောင်း၊ နေ့စဉ်ထုတ်သတင်းစာများ လွှင့်တင်ပေးနေသည့် သတင်းမီဒီယာ Page များ၊ Facebook Page များ၊ link များ၊ App များ၊ We love Page များနှင့် မီဒီယာ၏ ကောင်းကျိုးများ၊ ဆိုးကျိုးများနှင့် သတင်းတုများအား ဝေဖန်ဆန်းစစ်နိုင်သည့် အချက်အလက်များအကြောင်းနှင့် Zoom Application အသုံးပြုပုံတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် သင်တန်းသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ဦးစီးအရာရှိက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။ သတင်းနှင့်နည်းပညာသင်တန်းသို့ ခရိုင်/ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်း (၁၃)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။                              

ကျော်စွာ(ကသာ)