မင်းတုန်းမြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မင်းတုန်း မတ် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် ကျောင်းသားလူငယ်များအနေဖြင့် တပ်မတော်နေ့အကြောင်းအရာ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မတ်လ ၁၅ ရက်နေ့ နေ့လည်က တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီး ကျောင်းသား၊ ကျောင်းသူမျာထံ သွားရောက်ဖြန့်ဝေခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏ အား(၁၀)ပါး၊ ပြည်သူချစ်တဲ့တပ်မတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်နှင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမတွင်ကျင်းပသည့် ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များပါဝင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)