အထက်မင်းလှ မတ် ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ စာစစ်ဌာန(၄)ခုတွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်ကိုယနေ့နံနက်(၉)နာရီက ဆက်လက်ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ဇီဝဗေဒဘာသာရပ်ဖြေဆိုသူ အ.ထ.က (မင်းလှ) စာစစ်ဌာနတွင် (၈၆)ဦး၊ အ.ထ.က(မလွန်)စာစစ်ဌာနတွင်(၂၁)ဦး၊ အ.ထ.က(လင်းကယ်) စာစစ်ဌာနတွင်(၂)ဦး၊ အ.ထ.က(လက်ပံတံခါး)စာစစ်ဌာနတွင် (၂)ဦး၊ စုစုပေါင်း (၁၁၁)ဦး (၉၄.၈၇)% ပျက်ကွက်သူ (၆)ဦး(၅.၁၃)%ရှိသည်။ ဘောဂဗေဒဘာသာရပ်၌ အ.ထ.က(မင်းလှ) စာစစ်ဌာနတွင် (၂၁၀)ဦး၊အထက(မလွန်)စာစစ်ဌာနတွင်(၁၀၅)ဦး၊ အ.ထ.က(လင်းကယ်) စာစစ်ဌာနတွင်(၅၇)ဦး၊ အ.ထ.က(လက်ပံတံခါး) စာစစ်ဌာနတွင် (၆၀)ဦး စုစုပေါင်း(၄၃၂)ဦး (၉၀.၀၀)%၊ ပျက်ကွက်သူ(၄၈)ဦး (၁၀)%ရှိ ကြောင်း သိရသည်။
မင်းလှမြို့၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် အပြင်စည်းလုံခြုံရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)