ဟုမ္မလင်း၌ ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်း ဖွင့်လှစ်သင်ကြား

ဟုမ္မလင်း မတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် အသက် (၃)နှစ်မှ (၅)နှစ် အရွယ် ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်းကို မတ်(၃)ရက်နေ့မှ မတ်လ (၂၃)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ဆရာ/မများက သင်တန်းဘာသာရပ်တွင် ကလေးသဘောသဘာဝ လိုအင်နှင့် လိုအပ်ချက်၊ သင်ယူမှုအခြေခံ အုတ်မြစ်များ၊ မသန်းစွမ်းကလေးများ၊ ပြုစုစောင့်ရှောက်ခြင်း၊ ကစားခြင်းမှ သင်ယူခြင်း၊ တေးဂီတဖြင့်သင်ကြားခြင်း၊ ရှေးဦးသူ နာပြုစုခြင်း၊ ကလေးစိတ်ပညာ၊ လက်မှုအနုပညာဖြင့် သင်ကြားပေးခြင်း စသည့်ဖြင့် စာတွေ့/လက်တွေ့ ဘာသာရပ်အလိုက် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းသူ/သားများသည် ဟုမ္မလင်းမြို့ပေါ်/ရပ်ကွက်နှင့် ကျေးရွာများ ခန္တီး၊ ဖောင်းပြင် စသည့် ဒေသများမှ စုစုပေါင်း(၃၁)ဦးတက်ရောက်ပြီး၊ သင်တန်းကာလမှာ မတ်လ(၃)ရက်မှ (၂၃) ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)