ကျိုက်လတ်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံပန်းချီသင်တန်းဖွင့်လှစ်

ကျိုက်လတ် မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ် ရက်၌ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က ၂၀၂၃ ခုနှစ်၊ နွေရာသီကျောင်းပိတ်ရက် ကာလများအတွင်း လူငယ်များ ကာယဥာဏစွမ်းရည် ဘက်စုံဖွံ့ဖြိုး တိုးတက်ကာ အနာဂတ်၌ နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေး ရည်ရွယ်ကာ သင်တန်းကို ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြ ပန်းချီပညာရှင် ဦးအောင်ဇာနည်ထွန်းက အခြေခံပန်းချီ ပညာရပ်အား နားလည်ပြီး တွေးတောကြံဆရေးဆွဲနိုင် ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာရေး၊ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အသုံးဝင်မှုများနှင့် ပန်းချီပညာရပ်၏ အကျိုးကျေးဇူးများ၊  နွေရာသီ ကျောင်းပိတ်ရက်ကာလများ၌ အခြေခံပန်းချီသင်တန်း ဖွင့်လှစ်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီး သင်တန်း ကို ဆက်လက်ပို့ချ ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြ သည်။ အဆိုပါ သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ လူငယ် (၁၅)ဦးတို့ တက်ရောက်ကြပြီး ပန်းချီပညာရှင် နည်းပြ နှစ်ဦးတို့က အခြေခံပန်းချီ စနစ်တကျ ရေးဆွဲနည်းတို့ကို (၅)ရက်ကြာ အခမဲ့သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)