ဆင်ပေါင်ဝဲ မတ် ၁၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ စာစစ်ဌာန သုံးခုတွင် မတ် ၁၄ ရက်က ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမနေ့ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆိုကြသည်။
ဆင်ပေါင်ဝဲမြို့နယ်မှ အခြေခံပညာအထက်တန်းကျောင်း (ဆင်ပေါင်ဝဲ)၊ အခြေခံပညာအထက်တန်းကျောင်း (ချောင်းကောက်)၊ အခြေခံပညာ အထက်တန်းကျောင်း(လက်ပန်) စာစစ်ဌာနသုံးခုတို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ် စာရင်းပေးသွင်းသူ (၂၅၉) ဦးအနက် ဖြေဆိုသူ(၂၁၈)ဦး ရှိသဖြင့် ဖြေဆိုမှု ၈၄ ဒသမ ၁၇ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)