ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်  ၂၀၂၃ ခုနှစ်၊ နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲသို့ တက်ရောက်အားပေး

လွိုင်ကော်  မတ်  ၁၂

၂၀၂၃ ခုနှစ်၊ နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကိုယနေ့နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့၊  ပြည်နယ်အားကစားကွင်း၊ ကရာတေးဒိုအားကစားရုံ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား /သင်တန်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပညာရည်ပြည့်ဝပြီး ကျန်းမာကြံ့ခိုင်သည့် လူငယ်များကို ပြုစုပျိုးထောင်လေ့ကျင့်ပေးသည့် အခန်းကဏ္ဍသည် အထူးအရေးပါကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူပြုပြီး နိုင်ငံတော်နှင့် ပြည်နယ်ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန် ရည်မှန်းချက်ထား ကြိုးစားကြစေလိုကြောင်း၊ ပြည်နယ်၏အားကစားအဆင့်အတန်းမြင့်မားလာစေရေးနှင့် အားကစားထူးချွန်သူလူငယ်များ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာန အသီးသီးမှလည်း ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ပေးကြရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြင့်ငွေများအားလည်း ကောင်း၊  ပြည်နယ်လူမှုရေးရာဝန်ကြီးက သင်တန်းသား၊ သင်တန်းသားသူများအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးနှုတ်ဆက်ခဲ့သည်။

ထို့နောက် သင်တန်းသား/သင်တန်းသူများက အားကစားနည်းများအလိုက် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။ ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းတွင် သင်တန်းသား/ သင်တန်းသူ (၄၈၂) ဦးတို့အား ဘောလုံး၊ပြေးခုံပစ်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင် တင်းနစ်၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ စစ်တုရင်၊ တင်းနစ်၊ အေရိုးဗစ် စသည့်အားကစားနည်း (၁၀)မျိုးကို သင်ကြားပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)