နတ်မောက်မြို့နယ်၌ မော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြား အသစ်ပြောင်းလဲ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

နတ်မောက် ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြား အသစ်ပြောင်းလဲ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် () နာရီက နတ်မောက်-မကွေး မြို့အဝင်ဂိတ်၊ နတ်မောက်-တောင်တွင်း မြို့အဝင်ဂိတ်နှင့် နတ်မောက်-ပျော်ဘွယ် မြို့အဝင် ဂိတ်တို့တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး တင်ကိုကိုနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ပုဂ္ဂလိက မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌဦးချင်ဟိုနှင့် အဖွဲ့ဝင်များက စုပေါင်း၍ ကိုယ်ပိုင်မော်တော်ယာဉ်များ၊ အဝေးပြေခရီးသည်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား ဖောင်းကြွ နံပါတ်ပြားအသစ် တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး တပ်ဆင်ခြင်း မရှိသေးပါက မတ်လ (၃၁) ရက်နေ့အပြီး ဖောင်းကြွနံပါတ်ပြားအသစ် လဲလှယ်တပ်ဆင်သွားရန် မော်တော်ယာဉ် စုစုပေါင်း (၁၆၀) စီးအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

လှဝင်း