သာယာဝတီ၌ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေးဟောပြော

သာယာဝတီ ဖေဖော်ဝါရီ  ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အမှတ်(၂) လူကုန်ကူးမှု တားဆီးနှိမ်နှင်း ရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ ဦးဆောင်၍ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို  ယနေ့ နံနက်ပိုင်းက အ.ထ.က(ခွဲ) မြို့မကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အထက(ခွဲ) မြို့မ ကျောင်းအုပ်ဆရာကြီး ဦးတင်အေးက အဖွင့်အမှာစကား ပြောကြားပြီး အမှတ်(၂) လူကုန်ကူးမှုတားဆီး နှိမ်နှင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ် ဥက္ကာသွင်က လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိသော ပုံစံများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ Social Media အသုံးပြု၍ နည်းမျိုးစုံဖြင့် စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမှတ် (၄၁/၂၂)ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေပါအကြောင်းအရာများနှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစု​ပေါင်း (၂၈၀)ဦး တက်ရောက်ကြပြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ ဆက်)