ကံမ ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် ပိုမိုထိရောက်စေရေးအတွက် အခြေခံပညာကျောင်းများတွင် စာသင်ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးလျက်ရှိရာ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်တွင် ကံမမြို့၊ အမှတ် (၁) ရပ် ကွက်၊ မင်းကုန်း ခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းဆောင်အသစ် (၁) ဆောင် ဆောက်လုပ်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။
အဆိုပါ ကျောင်းဆောင်သစ်အား နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ် (၈၃.၂၅) သန်းဖြင့် ပြုံးမြန်မာဦး ဆောက်လုပ်ရေးကုမ္ပဏီမှတာဝန်ယူကာ အလျား (၁၀၀) ပေ၊ အနံ (၃၀) ပေ၊ Steel Structure (၁) ထပ် ကျောင်းဆောင်အသစ်ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားရာတွင် အဆင်ပြေချောမွေ့စွာ သင်ကြားနိုင်မည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် အဆင်ပြေစေရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အုတ်တံတိုင်းများကာရံပေးခြင်း၊ ပြင်ဆင်ထိန်းသိမ်းရန် လိုအပ်သည့်အဆောက်အဦးများအား ပြင်ဆင်ပေးခြင်း၊ ရေလောင်းအိမ်သာများ ဆောက်လုပ်ပေးခြင်း၊ စာသင်ကျောင်းဆောင် လိုအပ်သည့်ကျောင်းများတွင် စာသင်ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးခြင်းတို့အား ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့ နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)