ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ဆုပေးပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ဟင်္သာတ ဖေဖော်ဝါရီ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)ကျောင်းတွင် (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ဆုပေးပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ် ဟင်္သာတမှ ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင် က ပြည်ထောင်စုနေ့ ဖြစိပေါ်လာပုံ သမိုင်းကြောင်းနှင့် ယနေ့ လူငယ်များ ပြည်ထောင်စုစိတ်ဓာတ်ကောင်းများ မွေးမြူ ကျင့်သုံးနိုင်ရေး ဟောပြော၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့တွင် ထူးချွန်ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြင့်ခဲ့ကြ သည်။

ဆက်လက်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းကို မြန်မာစာဌာန တွဲဖက်ပါမောက္ခ (ဌာနမှူး) ဒေါက်တာချယ်ရီထွန်း ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူ ၄ ဦးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်နားထောင်ကြသော ကျောင်းသား၊ ကျောင်းသူများကလည်း မိမိတို့သိရှိလိုသည်များကို မေးမြန်းကြပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုဇော် - ဟင်္သာတ