ကန့်ဘလူ ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၂၀၅ ဦး ရှိပြီး ပြင်ပဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၆၉၉ ဦး စုစုပေါင်း ၉၀၄ ဦး တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများ တင်သွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကန့်ဘလူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကန့်ဘလူ၊ ထန်းကုန်း၊ ကာဘိုးနှင့် ဇီးကုန်းစာစစ် ဌာန ၄ ခုရှိပြီး ဘာသာတွဲ(၁) ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၄၂၁ ဦး၊ ဘာသာတွဲ(၂) ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၂၀၂ ဦး၊ ဘာသာတွဲ(၇) ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၂၇၄ ဦးနှင့် ဘာသာတွဲ(၈) ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၇ ဦး စုစုပေါင်း ဘာသာတွဲအလိုက် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၉၀၄ ဦးသည် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများကို တင်သွင်းထားကြောင်းသိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်မှ ၁၈ ရက်နေ့အထိ နေ့စဥ်နံနက် ၉ နာရီမှ ၁၂ နာရီထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာ စသည့်ဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)