ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြောင်း သိကောင်းစရာ   အသိပညာပေး(Talk Show) ကျင်းပ

ပေါင်    ဖေဖော်ဝါရီ   ၁၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြောင်းသိကောင်းစရာ အသိပညာပေး(Talk Show)ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယမန်နေ့ နေ့လယ်ကပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။ ထို့နောက် အ.မ.ကလွန် ကဒါကမ်းနားကျောင်းအုပ်ဆရာမကြီး ဒေါ်လေးဖြူဖြူက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များကိုလည်းကောင်း၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံများကိုလည်းကောင်း၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ကိုလည်းကောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကိုလည်းကောင်း၊ ပြည်ထောင်စုတိုင်းရင်းသားများ စည်းလုံးအားဖြင့် လက်တွဲမပျက်ရှေ့သို့ဆက်ကာ အေးအတူပူအမျှလက်တွဲကြပြီး (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုပါကြောင်းစသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Talk Show ပြုလုပ်ခြင်းဖြင့်  ပြည်သူများအသိပညာများတိုးပွားစေရန် ရည်ရွယ်ပါသည်။

မြို့နယ်(ပြန်/ဆက်)