ပေါင် ဖေဖော်ဝါရီ ၁၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားရုံ၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်၏ဦးဆောင်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှဦးစီးအရာရှိ ဒေါ်အေးသီတာအောင်က ပြိုင်ပွဲဝင်စည်းကမ်းများပြောကြားပြီး စတင်ယှဉ်ပြိုင်ကစားကြမည့် အားကစားသမားများအား မဲနှိုက်ပြီးပြိုင်ပွဲကို ပြိုင်ပွဲဝင်(၈)သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ(၉)ရက်နေ့မှ (၁၁)ရက်နေ့အထိ (၃)ရက်ကြာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ မြို့နယ်စီမံကောင်စီအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများအားကစားဝါသနာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များက တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)