စစ်တွေမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ရွှေသီးရွှေပင်ရွှေပလ္လင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

စစ်တွေ  ဖေဖော်ဝါရီ  ၈

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လူထုအ‌ခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေသီးရွှေပင်ရွှေပလ္လင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ဒေါ်ခင်ယုယုနွယ်ခရိုင်ဦးစီးမှူးက ယခုလိုစာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပရခြင်းသည် လူငယ်လူရွယ်များစာဖတ်စွမ်းရည် တိုးပွားစေရေး၊ စာပေ၏ ကောင်းကျိုးများ သိရှိလာစေရေး၊ စာပေဖတ်ရှုမှုတိုးပွားလာ‌စေရေး၊ စာကြည့်တိုက်အသုံးချတတ်စေ‌‌ရေးနှင့် စာ‌ပေများများဖတ်ရှုကြစေ‌‌ရေး စသည်ဖြင့်ပြိုင်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း‌ပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၁၅)ဦးကဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကျောင်းသား၊ကျောင်းသူများအား ခရိုင်ဦးစီးမှူးက ဆုများချီးမြှင့်ခဲ့သည်။

စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များအတွက် သင်တန်းများ၊ ပြိုင်ပွဲများဆက်လက် ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ဇူလိုင်ကြယ်(ပြန်/ဆက်)