တောင်ငူမြို့ မြတ်စောညီနောင်၊ နောင်တော်စေတီတော်မြတ်အား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အလှူတော်မင်္ဂလာပြုလုပ်နိုင်ရေး အစည်းအဝေးကျင်းပ

တောင်ငူ   ဖေဖော်ဝါရီ   ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ ယနေ့နံနက်(၉:၃၀)နာရီအချိန်က တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင် နောင်တော်စေတီတော်မြတ်အား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အလှူတော်မင်္ဂလာပြုလုပ်နိုင်ရေးအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကော်မတီဝင်အသီးသီးမှတာဝန်ရှိသူများက နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား စတင်ဖွင့်လှစ်သည်။ ဆက်လက်၍ အစည်းအဝေးကျင်းပရာတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခိုင်ချိုက အဖွင့်အမှာစကားပြောကြားပြီး ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင် နောင်တော်စေတီတော်မြတ်အား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ အလှူတော်မင်္ဂလာပြုလုပ်နိုင်ရေးအတွက် ဆပ်ကော်မတီအသီးသီးက ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးတင်ပြကြသည်။

အဆိုပါအစည်းအဝေးတွင် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်ခိုင်ချိုက နိဂုံးချုပ်အမှာစကားပြောကြား၍ ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆိုပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)