ကျိုက်မရော ဖေဖော်ဝါရီ ၇
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်တန်းနှင့်အလယ်တန်းအဆင့် ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က ကျိုက်မရော(ပညာ့အားမာန်)ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ အ.ထ.ကကျိုက်မရော ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ခင်သန့်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများက “ပြည်ထောင်စု၏အနှစ်သာရ”ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးတို့ကပါဝင်ယှဉ်ပြိုင်ပြီး “ဘိုးဘွားပေးဝေ ပင်လုံမြေ” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်ကျောင်းသူ ၁၃ ဦးက ကဗျာပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ပြီး “စုပေါင်းလက်ကမ်း ပြည်ထောင်စုပန်း” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲသို့ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၄၆)တို့က မိမိတို့၏ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြိုင်ပွဲဝင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)