မင်းတုန်းမြို့နယ်တွင် ဆီထွက်သီးနှံ မိုးနေကြာ ၄၁၁ ဧက ရိတ်သိမ်းပြီးစီး

မင်းတုန်း ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် စားသုံးဆီဖူလုံရေးအတွက် ၂၀၂၂ မိုး‌နှောင်းတွင် တောင်သူများက ဆီထွက်သီးနှံ မိုးနေကြာ သီးသန့်နှင့် သီးညှပ် စုစုပေါင်း ၄၁၁ ဧကစိုက်ပျိုးရာ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆီထွက်သီးနှံ မိုးနေကြာများ ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်း ၁၂.၈၇ တင်းနှုန်းဖြင့် တင်းပေါင်း (၅၂၉၀)တင်းထွက်ရှိပြီး ဆောင်းနေကြာစိုက်ခင်း (၅၀၇၇)ဧကကိုလည်း မကြာမီရက်ပိုင်းအတွင်း ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)