အိမ်မဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး တွေ့ဆုံပွဲပြုလုပ်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

အိမ်မဲ ဖေဖော်ဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် တွေ့ဆုံပွဲပြုလုပ်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဦးစီးကျင်းပရေးကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးကော်မတီ၊ ကြိုဆိုနေရာချထားရေးကော်မတီ၊ ဧည်ခံကျွေးမွေးရေးကော်မတီတို့ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ပြီးဖြစ်သောကြောင့် မိမိတို့ပေးအပ်ထားသောတာဝန်များကို စည်းစည်းလုံးလုံး အောင်မြင်အောင်ဆောင်ရွက်ကြရန်တို့ကို ထည့်သွင်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ တက္ကသိုလ်ဝင်စာမေး ပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (အတွင်းဖြေ၊ အပြင်ဖြေ) စုစုပေါင်း (၇၂၅)ဦးနှင့် ဘာသာရပ်အလိုက် သင်ကြားပို့ချမည့်ဆရာ၊ ဆရာမ (၉)ဦးတို့မှ ဖေဖော်ဝါရီလ(၁၁)ရက် အထက (၂) ပညာ့ဗိမာန် ခန်းမတွင် ကျင်းပမည်ဖြစ်သည်။

ချစ်သက်လယ်(အိမ်မဲ)