မြင်းမူ ဖေဖော်ဝါရီ ၆
စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှုသူအချင်းချင်း တွေ့ဆုံကာ စာပေအသိခြင်းဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြင်းမူမြို့နယ်ရုံး၊ ပြည်သူ့စာကြည်တိုက်တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မိုးက မိမိတို့ မြို့နယ်ရုံးအနေဖြင့် အပါတ်စဉ် လစဉ် စာပေဝါသနာရှင်များ စုပေါင်းကာ စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲများ၊ အသိပညာပေးဆွေးနွေးပွဲ (Talk Show)များ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်သူများက အမျိုးသားစာပေဆုရ စာရေးဆရာအောင်စိုး (တိရစ္ဆာန်ဆရာဝန်)ရေးသားသည့် မြန်မာ့ယဉ်ကျေးမှု ဆယ့်နှစ်လရာသီ ဓလေ့ထုံးစဉ်လာ စာအုပ်မှ မကြာမီရောက်ရှိလာမည့် တပေါင်းလရာသီနှင့် ပါတ်သက်သည့် ရှေးစာဆိုများ တင်စားရေးဖွဲ့ထားသည့် တပေါင်းလနှင့် ပါတ်သက်သည့် ကဗျာအကြောင်းအရာများကို ဖတ်ကြားကာ မြန်မာ့ရှေးစာဆိုများ၏ ကဗျာရေးဖွဲ့မှုများအား ဆွေးနွေးခဲ့ကြပြီး မိမိနှစ်သက်သည့် တပေါင်းလအကြောင်းအရာများအား ဆွေးနွေးဖလှယ်ခဲ့ ကြသည်။
ယင်းနောက် စာကြည့်တိုက်တွင် ယခုလအတွင်း အသစ်ရောက်ရှိသည့် သုတ/ရသ စာအုပ်/စာစောင် (၈၀) ကျော်အား ခင်းကျင်းပြသထားရာ စာပေအမြည်းအဖြစ် ဖတ်ရှုလေ့လာ
ခဲ့ကြသည်။ မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် အသိပညာပေးလုပ်ငန်းများအဖြစ် စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ၊ အသိပညာပေး (Talk Show) များကို အပါတ်စဉ်ပြုလုပ်ဆောင်
ရွက်ပေးလျက်ရှိသည်။
အောင်စိုးဖေ (မြင်းမူ)