ကြံခင်းမြို့(အ ထ က-၂)တွင်၂၀၂၂- ၂၀၂၃ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

ကြံခင်း  ဇန်နဝါရီ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နေ့လည်ပိုင်းက (အ ထ က-၂)ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းသား/ သူများက ကမ္ဘာ့အဆင့်မှီ ပညာရေး” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီးနောက် (အ ထ က-၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းက ပညာရေးစုံညီပွဲတော်ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး  ရှင်းလင်းပြောကြားပါသည်။

ထို့နောက် အကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးကျော်မျိုးအောင်က (အ ထ က-၂) ကျောင်း၏ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်ရေးနှင့်ပတ်သက်၍ ပြောကြားပြီးနောက် ကာယ၊ ဉာဏဆုများချီးမြှင့်ရာ တိုင်းအဆင့်ဘောလုံးလက်ရွေးစင်ရွေးချယ်ခံရသော (Grade-9) ကျောင်းသားမောင်ထွဋ်အောင်ဝင်း၊  ကျောင်းကျန်းမာရေးရက်သတ္တပတ် (လယ်ဆင့်၊ မူဆင့်) စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲတွင်ဆုရသူများအားလည်းကောင်း၊ (ထက်၊ လယ်၊ မူ) အားကစားပြိုင်ပွဲများတွင် ဆုရကျောင်းသား/ သူများနှင့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့်ကဗျာပြိုင်ပွဲတွင် ဒုတိယဆုရ(ထက်ဆင့်) ကျောင်းသူ (Grade-11) မှ မတွယ်တာမင်းနှင့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊  ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရသူများနှင့် ကာယအလှမယ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရ(Grade-9) ကျောင်းသူမနှင်းသန့်ဇော်အားလည်းကောင်း၊  နိုင်ငံတကာစာတတ်မြောက်ရေးနေ့နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိကြသော ကျောင်းသား/ သူများနှင့် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသော(၄) ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၈)ဦးနှင့် ထူးချွန်ဆုများရရှိအောင် သင်ကြားပြသပေးသော ဆရာ/ ဆရာမများအား တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ပေးအပ်ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းထွဋ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဒုရဲမှူးစိုးငြိမ်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ (အ ထ က-၁) ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမော်၊ (အ ထ က-၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းနှင့် ဆရာ/ ဆရာမများ၊ ဆုရကျောင်းသား/ သူများနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ မိဘများတက်ရောက်ကြကြောင်းနှင့် (အ ထ က-၂‌) ကျောင်းသား/ သူများ၏ ပဒေသာအက၊အလှများဖြင့် ပျော်ရွှင်စွာကျင်းပခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ ဆက်)