ကျိုက်မရောမြို့နယ်တွင် ဆီထွက်သီးနှံ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျိုက်မရော ဇန်နဝါရီ  ၁၃

 ကျိုက်မရောမြို့နယ်အတွင်းရှိ  တောင်သူများအနေဖြင့်  လူမှု့ဘဝတိုးတက်ရေး နိုင်ငံစီးပွားကဏ္ဍမြှင့်တင်ရေး  စားသုံးဆီဖူလုံစွာရရှိရေးအတွက်  စပါးအပြင် ဆီထွက်သီးနှံများအား သီးထပ် စိုက်ပျိုးလျက်ရှိရာ ဇန်နဝါရီလအထိ ဆောင်းနေကြာ ဆီထွက်သီးနှံ (၁၀၅၀)ဧက လျားထားသော်လည်း(၁၅၇၆)ဧကထိ ရာခိုင်နှူန်းကျော် လွန်အောင်စိုက်ပျိုးနိုင်ပြီး အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာစို​က်ပျိူးရန် လျာထားချက်မှာ (၁၀၅၀) ဧက ရှိပြီးယနေ့အထိ ရပ်ကွက်/ ကျေးရွာ ၄၇ အုပ်စုမှ ရေဆင်းစပ်မျိုး(၁)စိုက်ဧက (၁၆၇၀)ကို စိုက်ပျိုးထားပြီးဖြစ်ကြောင်း  သီးနှံပုံစံအလိုက် စိုက်ပျိုးထားရှိမှုမှာ တစ်မြို့နယ်လုံးအနေဖြင့်  စိုက်ပျိုးဧကလျာထားချက်ထက် ကျော်လွန်စိုက်ပျိူးထားနိုင်ကြောင်း  မြို့နယ်စိုက်ပျိုးရေးစီးဌာနရုံးမှ သိရသည်။

မြို့နယ်(ပြန်/ ဆက်)