အိမ်မဲ ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် နွေစပါးစိုက် တောင်သူများအား သွင်းအားစု(ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖြန်းမြေသြဇာနှင့် ယူရီယားဓာတ်မြေသြဇာ) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီတွင် ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသက်ကိုကိုဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးတင်မောင်ဦးတို့က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေစပါးစိုက်တောင်သူများအားသွင်းအားစုပေးအပ်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို အသီသီးအကျယ်တဝင့်ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးမှူး ဦးဝင်းမြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သွင်စိုးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဦးတို့က ဝိုင်းကြီးချုပ်ဖြင့် စာချုပ်ချုပ်ဆိုပြီးသောကျေးရွာ(၆)ရွာဖြစ်သည့် ကြာထော်ညောင်ချောင်းကျေးရွာ၊ ညောင်ကုန်းချောင်းဖျားကျေးရွာ၊ ဘုရားကြီးကုန်းကျေးရွာ၊ ကျုံခရီကျေးရွာ၊ ကွန်တိုင်းကျေးရွာနှင့် စာဖြူဆိပ်ကျေးရွာမှ တောင်သူများအား စိုက်ပျိုးမြေ(၁)ဧကလျှင် ယူရီးယားဓာတ်မြေသြဇာ(၂)အိတ်နှုန်းပေးအပ်ခဲ့သည်။
ချစ်သက်လယ် (အိမ်မဲ)