လေးမျက်နှာ ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း၌ အိုင်သပြု ကျေးရွာအုပ်စု ရှမ်းဘုရားကြီးဘုန်းတော်ကြီးကျောင်းနှင့် ပန်းတောကြီးကျေးရွာအုပ်စု ဘုန်းတော်ကြီး ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်ကော်မတီ အတွင်းရေးမှူးဦးကျော်မင်းဦးမှ တက်ရောက်လာကြသော သင်တန်းသားများအား မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းဆရာမ လဝကမှူးဒေါ်ဇင်ဖြူဝင်း အပါအဝင် (၄)ဦးတို့မှ သင်တန်းသားများအား မြေပြင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်များအား ပို့ချခဲ့သည်။ သင်တန်းကို ယမန်နေ့နံနက်(၉:၀၀)နာရီမှ ညနေ(၄:၀၀)နာရီအထိ ရက်တို (၁ရက်) ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကာ အိုင်သပြု ရှမ်းဘုရားကြီးဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာအုပ်စု(၁၅)စုမှ သင်တန်းသား(၅၆)ဦးနှင့် ပန်းတောကြီး ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာအုပ်စု(၁၅)စုမှ သင်တန်းသား(၅၁)ဦး တက်ရောက် သင်ကြားလျက်ရှိသည်။ သင်တန်းဖွင့်လှစ်ပို့ချရန် ကျန်ရှိသေးသော ကျေးရွာအုပ်စုသင်တန်း သားများအား ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲရင့်နောင်နှင့် အတွင်းရေးမှူးရဲမှူးတင့်ဆွေ၊ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်ကော်မတီ အတွင်းရေးမှူး ဦးကျော်မင်းဦးနှင့် ကျေးရွာအုပ်စုများမှ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ကျော်ဟိန်း(ပြန်/ဆက်)