ဝေါမြို့နယ်၌ (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဖြေဆို

ဝေါ ဒီဇင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်  ဓမ္မမေဓိနီပရိယတ္တိစာသင်တိုက်နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက ဝိုင်အမ်ဘီအေ- ဗုဒ္ဓဘာသာကလျာဏယုဝအသင်(ဗဟို)မှ ကြီးမှူကျင်းပသော (၇၃)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ပထမအဆင့်အငယ်တန်းစာမေးပွဲကို ဝေါမြို့နယ် YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ (၃၈)ဖြာမင်္ဂလာတာရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို ဗုဒ္ဓဘာသာသာသနာတော်အတွက် အစဉ်သန့့်ရှင်းတည်တံ့ပြန့်ပွားအောင်ဆောင်ရွက်ရန်နှင့် ဗုဒ္ဓဘာသာ၊ စာပေ၊ ပရိယတ္တိကိုနိုင်ငံနှင့် အဝန်းတိုးတက်ပျံနှံထွန်းကားစေရန်အတွက် ဗုဒ္ဓဘာသာတရားတော်များကို နည်းလမ်းတကျသင်ကြားလေ့ကျင့်အားထုတ် ဆည်းပူးခြင်းများ ဖြစ်မြောက်တိုးတက်လာစေရေးအတွက် ပဲခူးတိုင်းဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌ ဦးလှတင်ဦးနှင့်အဖွဲ့ဝင်များ၊ ဝေါမြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌ ဦးထွန်းမြင့်နှင့်အဖွဲ့ဝင်များဦးဆောင်၍ စာမေးပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူ(၂၇၂) ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)