ဖျာပုံ ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှဦးဆောင်၍ တိုင်းဒေသကြီးအဆင့်မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေး နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါတိုင်းဒေသကြီးအဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး နည်းပြသင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင်လူဦးရေစာရင်း မြေပြင်ကွင်ဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက"တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းသည် လွန်စွာအရေးကြီးတဲ့သင်တန်းဖြစ်ကြောင်း၊ နိုင်ငံတော်ရဲ့ ရှေ့လုပ်ငန်းစဥ် (၅)ရပ်အနက်မှ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေ စီစံနှုန်းများနဲ့အညီ နိုင်ငံတော်တာဝန် လွှဲပြောင်းနိုင်ရေးဆက်လက်ဆောင်ရွက်သွားဖို့အတွက် အထွေထွေရွေးကောက်ပွဲကျင်းပရာမှာ အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်ရေးဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်ကြောင်း၊မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းစဥ်ဟာ အဓိကကျသောလုပ်ငန်းဖြစ်တာနှင့်အညီ မြေပြင်မှာမှန်မှန်ကန်ကန် စနစ်တကျ ကောက်ယူနိုင်ရန် ယခုကဲ့သို့ တိုင်းဒေသကြီးအဆင့်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး နည်းပြသင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ဆက်လက်၍မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများကိုလည်း(၂၇-၁၂-၂၀၂၂)ရက်နေမှာ ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရာက်ပြီး သူနည်းပြများအနေဖြင့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူကြမည် (Working Group) များကို မြေပြင်တွင် လုပ်ငန်းများလက်တွေ့ဆောင်ရွက်နိုင်ဖို့ အဆင့်ဆင့်သင်တန်း ပို့ချသွားရမည့် အဓိကတာဝန်ရှိသူများဖြစ်တာကြောင့် ယခုသင်တန်းမှ သင်တန်းပို့ချ ပေးလိုက်တဲ့သင်ခန်းစာများကို စိတ်ပါဝင်စားစွာနဲ့သင်ယူပြီး နိုင်ငံတော်အတွက်အရေးကြီးတဲ့ လုပ်ငန်းစဥ်ကြီး ပြီးမြောက်အောင်မြင်စေရန် ပံ့ပိုးကူညီကြစေလိုကြောင်း" ပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊နေပြည်တော်ရုံးချုပ်တွင် သင်တန်းတက်ရောက်ခဲ့သော လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်နိုင်အေးကနည်းပြအဖြစ် ဆောင်ရွက်ပြီးဖျာပုံခရိုင် (၄)မြို့နယ်မှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)