ဝက်လက် စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသနိုင်ရေးအတွက် ရွာသာကြီးကျေးရွာအုပ်စု ကံထူးကျေးရွာက ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာနှင့် ထိတွေ့ ဆက်စပ်ခဲ့သော မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှကျန်းမာရေး ဝန်ထမ်းများနှင့် ၎င်းမိသားစု ဝင်များတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး နိုင်ရန် နှာခေါင်း၊ အာခေါင်တို့ပတ် (Swab) ဓာတ်ခွဲနမူနာ ရယူခြင်းကို သက်ဆိုင်ရာ နေရာများ အလိုက် ယနေ့ နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ နှာခေါင်း အာခေါင် တို့ပတ် ဓာတ်ခွဲနမူနာများ ရယူရာတွင် ရွှေပန်းကုံးတိုက်နယ်ဆေးရုံမ ကျန်းမာရေးဝန်ထမ်းများက ဝက်လက်မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက မြို့နယ်ဆရာဝန်ကြီး နှင့်ကျန်းမာရေးဝန်ထမ်း ၈ဦးအပါအဝင် ပေါင်း ၂၂ ဦးတို့၏ အာခေါင် နှာခေါင်းတို့ပတ် (Swab) များရယူကာ မန္တလေးမြို့ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဝက်လက် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရသည်။
ဥမ္မာဝင်း ( ဝက်လက်)