နတ်မောက်မြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးလက်ကမ်းစာစောင်များ ဒုတိယအကြိမ်ဖြန့်ဝေ

နတ်မောက် စက်တင်ဘာ ၂၂                                     

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ မကွေးတိုင်းဒေသကြီးကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီကထုတ်ဝေသော ကလေးအလုပ်သမားပပျောက်ရေး အလင်းတန်းလက်ကမ်းစာစောင် များကို နတ်မောက်မြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် (၉)နာရီခန့်က မြို့မဈေး၊လမ်းဆုံ၊ ကားဂိတ် စသည့်နေရာများသို့ သွားရောက်ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။    
ထိုလက်ကမ်းစာစောင်တွင် ကလေးသူငယ်များဘဝဘေးကင်းလုံခြုံရေး၊ ကလေးအလုပ်သမား  ပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားအဓိပ္ပာယ် ၊ ကလေးအလုပ်သမားများ၏ အသက် အရွယ်၊ အန္တရာယ်ရှိသည့် လုပ်ငန်း/အလုပ် ၊အဆိုးရွားဆုံးပုံစံဖြင့် ခိုင်စေခြင်း ၊ဆိုင်(သို့)ကုန်သွယ်အလုပ်ဌာန  (သို့) အများပျော်ရွှင်ရေးအလုပ်ဌာန၌ အသက်(၁၄)နှစ်မပြည့်သေးသောသူကို အလုပ် လုပ်ခွင့်မပြု၊  အလုပ် လုပ်သော ကလေးများအား သင့်လျော်သလို နားနေရန် စီစဉ်ပေးပါ စသည့် အကြောင်းအရာများ ပါဝင်ပြီး အဆိုပါအလင်းတန်းလက်ကမ်းစောင်(၁၅၀)ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဖြိုးအိအိဇော်(နတ်မောက်)