မုဒုံမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မုဒုံ ဒီဇင်ဘာ ၁၅

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ စည်းလုံးညီညွတ် ဘက်စုံပညာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျောင်းပေါင်းစုံ ဘင်ခရာသင်တန်း ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့နံနက် ၇ နာရီခွဲက  အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းရှိ ဘတ်စကတ်ကွင်း၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မုဒုံတပ်နယ်မှူးဒုတိယဗိုလ်မှူးကြီး ကျော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးလှိုင်အောင်မင်းက ကျောင်းသား ကျောင်းသူများအနေဖြင့် အသင်းအဖွဲ့အစည်းအလိုက် အများအရှေ့တွင်  ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်သီချင်းမှအစ  အခြားတေးသီချင်းများကိုပါ  သင်ကြားပေးသွားမည်ဖြစ်ရာ ကျောင်းသား/ သူများအနေဖြင့် သေချာစွာ လေ့လာ မှတ်သားသင်ယူကြစေရန်နှင့် မိမိတို့၏ စာသင်ကျောင်း အခမ်းအနားများအပါအဝင် မြို့နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားများတို့တွင်လည်း ပါဝင်ဆောင်ရွက်နိုင်စေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို သင်တန်းနည်းပြနှစဦးမှ အခြေခံဘင်ခရာ အမှတ်စဉ်(၁)ဘာသာမှစ၍ အခြားဘာသာရပ်ဆိုင်ရာများကို  ကျောင်းသား ကျောင်းသူ  စုစုပေါင်း ၁၈၀ ဦးအား တစ်လကြာစာတွေ့လက်တွေ့သင်ကြာပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ ဆက်)