ရွှေဘိုမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲများ ကျင်းပ   ​

ရွှေဘို ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်​ ရွှေဘိုမြို့အခြေခံပညာ အထက်တန်းကျောင်းများ၌ ၂၀၂၂ ဒီဇင်ဘာ လူထုအားကစားပွဲနှင့် ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၄)ရက်​နေ့တွင် ကျ​ရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ကျောင်းတွင်းအားကစား ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက် ရှိကြောင်းသိရသည်။

အဆိုပါ ကျောင်းတွင်းအားကစား ပြိုင်ပွဲများတွင်​ရွှေဘိုမြို့ နယ်ပညာ​ရေးမှူး ဦး​အောင်​ကျော်စိုးက ကျောင်းသား၊ ကျောင်းသူများအား၊ အားကစား ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို​ပြောကြားခဲ့ပြီး၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး​ဒေါ်နိုင်နိုင်ဝင်းက ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင် အသင်းများက အသင်းအလိုက် ယှဉ်ပြိုင်ကစားရာ၊ ခရိုင်စီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌဦး​ဇော်မျိူးဝင်းနှင့် အဖွဲ့ဝင်များ၊​ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများက လှည့်လည်ကြည့်ရှု အား​ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ယှဉ်ပြိုင်ကစားရာတွင် ရက်အလိုက်၊ ​ဘော်လီ​ဘော၊ ပိုက်​ကျော်ခြင်း၊ ထုတ်စည်းတိုး၊​အေရိုးပစ်၊ ဘော်လုံးအားကစားနည်းကိုလည်းကောင်း၊ ကဗျာ၊ ကာတွန်း၊ စာစီစာကုံးပြိုင်ပွဲများကို လည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်