ကျောက်ကြီးမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် အုတ်ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျောက်ကြီး ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီပွားရေးရာဝန်ကြီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိသော အုတ်ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများအား ပြီးစီးမှုအခြေအနေနှင့် ဆောင်ရွက်နေမှုအခြေအနေတို့အား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်ပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက် ဗျူဟာလမ်း(မြောက်ဘက်အခြမ်း) ရှိ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ (၉၉၀၀၀၀၀) ကျပ် ဖြင့် အလျားပေ (၄၇၅)၊ အနံ (၂)​ပေ၊ အမြင့် (၃)ပေ အုတ်ရေမြောင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ  (၂၇၄၈၀၀၀၀) ကျပ်ဖြင့် ရုံးလမ်းရှိ အလျားပေ (၁၂၃၄)၊ အနံ (၂)​ပေ၊ အမြင့် (၃)ပေ အုတ်ရေမြောင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်