ဖြူးမြို့နယ်အတွင်း နွေစပါးတိုးချဲ့စိုက်ပျိုးရာတွင်လိုအပ်သည့် ရေပေးနိုင်ရေးရေပေးမြောင်း တူးဖော်ခြင်းများဆောင်ရွက်

ဖြူး     ဒီဇင်ဘာ   ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း လယ်မြေများ နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရေပေးမြောင်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ဝဲကြီးကျေးရွာအုပ်စုအတွင်း ဝဲကြီးကျေးရွာနှင့် အိုးဘိုကုန်းကျေးရွာသွားလမ်းဘေးဧရိယာတွင် စက်ယန္တရားများဖြင့် လက်သွယ်မြောင်းတူးဖော်ဆောင်ရွက်နေမှုအား ယမန်နေ့က မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းကြီးကြပ်မှုကော်မတီဝင်များက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ဝဲကြီးကျေးရွာအုပ်စုအတွင်း လယ်မြေများနွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဖြူးချောင်းမှ ရေရယူနိုင်ရန် အလျား(၁၃၂၀၀)ပေ၊ အကျယ်(၄)ပေ၊ အမြင့်(၅)ပေရှိ ရေပေးမြောင်းမှတစ်ဆင့် လက်သွယ်မြောင်းတူးဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဝဲကြီးကျေးရွာအုပ်စုအတွင်း နွေစပါးဧက(၈၀၀)လျာထားချက်အတိုင်း စိုက်ပျိုးသွားနိုင်ရန် လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် သွားရောက်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)