ဘိုကလေးမြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်သွားလာရေး(Mask Campaign) လှုပ်ရှားမှု ပြုလုပ်

ဘိုကလေး ဒီဇင်ဘာ ၇

ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ၎င်း၏မျိုးရိုးဗီဇကွဲ ဗိုင်းရပ်(စ်)များ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်းဘောလုံးကွင်းအနီးတွင် ဒီဇင်ဘာ(၅)ရက်နေ့ ညနေ(၅)နာရီ အချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ နှာခေါင်းစည်းတပ်ဆင်သွားလာရေး (Mask Campaign) လှုပ်ရှားမှု ပြုလုပ်သည်။

အဆိုပါ လှုပ်ရှားမှုတွင် နှာခေါင်းတပ်ဆင်သွားလာခြင်းမရှိသူများအား တာဝန်ရှိသူများမှ နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ၍ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ ကိစ္စရပ်များနှင့် မိမိတို့ဒေသတွင်း ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တစ်ဦးတစ်ယောက်ချင်းစီ၌ တာဝန်ရှိကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး နှာခေါင်းစည်း(Mask) အခုရေ (၁၀၀၀)ကျော် အခမဲ့ ဝေငှပေးခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)