ပန်းတောင်း ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ဥသျှစ်ပင် မြို့မဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက် ၉ နာရီခွဲခန့်က အဆိုပါစျေးအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးကိုကို ဝေဟိန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးရန်လင်းအောင်နှင့် တာဝန်ရှိသူများက ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ဈေးဆိုင်များနှင့် ဈေးရောင်းသူ၊ ဝယ်သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက် စျေးအတွင်းလှည့်လည်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ မီးသတ်ဆေးဘူးထားရှိခြင်း၏ အကျိုးကျေးဇူးများ၊ လျှပ်စစ်မီးသည် သုံးတတ်လျှင်အကျိုးရှိ၍ အသုံးမပြုတတ်ပါက အန္တရာယ်ကြီးမားကြောင်း၊ လျှပ်စစ်မီးအသုံးပြုရာတွင် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန် အချက်များအား အသိပညာပေးပြောကြားခဲ့ပြီး မြို့မဈေးအတွင်း ရှိမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးကြွင်းမီးကျန်မရှိစေရေးနှင့် မီးများစနစ်တ ကျသုံးစွဲရေး ကွင်းဆင်းစစ်ဆေးခြင်း၊ မီးသတ်ရေ၊ မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
သင်းသင်းအေး(ပြန်/ဆက်)