ကြို့ပင်ကောက် ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် လေဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းတန်ဖိုးများနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းကဆောင်ရွက်ခဲ့သည်။
ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျဉ်ထောင်တွင်းကျေးရွာအုပ်စု ကြို့ပင်ဝိုင်းကျေးရွာတွင် နေအိမ်တစ်လုံးပြိုလဲ၍ သုံးလုံးအမိုးလန်ပျက်စီးသွားခဲ့ရာ အိမ်ထောင်စုလေးစုမှ လူဦးရေ ၁၄ ဦးလေဘေးသင့်ခဲ့သောကြောင့် ကြို့ပင်ကောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စုမြတ်ထွေးတို့က ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့် အိမ်ထောင်စုများအားထောက်ပံ့သော အိမ်ဆောက်ပစ္စည်းတန်ဘိုးများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
လေဘေးသင့်ပြိုလဲနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၁၅,၀၀ဝိ/-)ကျပ်၊ အိမ်ထောင်စု(၄)စုရှိ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၉,၄၀ဝိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၄၄,၄၀ဝိ/-) ကျပ်နှင့် (၁)အိမ်ထောင်စာ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး တန်ဖိုးငွေ (၄၉,၀၃၆/-) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)