ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းမှ Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန လူမှုဝန်ထမ်း(၃) ဒေါ်ဂျူးလဲ့မွန်မှ ကလေးအလုပ်သမား၏ ရည်ရွယ်ချက်နှင့်အဓိပ္ပါယ်၊ ကလေးအလုပ်သမားများအား အဆိုးဝါးဆုံး အလုပ်ခိုင်းစေခြင်း၏အဓိပ္ပါယ်၊ အသက်သတ်မှတ်ချက်နှင့် ပြဌာန်းထားသော ဥပဒေများ၊ ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများ၊ ကလေးသူငယ် များအလုပ်လုပ်ကိုင်ခြင်း၊ အဆိုးဝါးဆုံးပုံစံနှင့် အလုပ်ခိုင်းစေခြင်း ကြုံတွေ့ရမည်ဆိုလျှင် ဆက်သွယ်ရမည့်ဖုန်းနံပါတ် စသည့်အချက်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)