ဝါးခယ်မ ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အတွင် သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ Clean City, Green City, Smart City ဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် မော်တော်ယာဉ်လိုင်းများတွင် အမှိုက်ပုံးများထာရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွပ်အုပ်ချုပ်ရေးမှူးများမှ ဝါးခယ်မ-မော်ကျွန်းလမ်းနှင့် ဝါးခယ်မ မြို့အဝင်နေရာများတွင် "ဝါးခယ်မမြို့အား Clean City, Green City, Smart City ဖြစ်စေရန်အတွက် ဆောင်ရွက်နေပါသဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းဖြင့် ဝိုင်းဝန်ကူညီဆောင်ရွက်ရန်" ဆိုင်းဘုတ်အား စိုက်ထူခြင်းနှင့် ဝါးခယ်မမြို့ ရွှေခယ်ဧရာအဝေးပြေးကားကွင်းတွင် ပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်များ ပေါ်တွင် စနစ်တကျအမှိုက်ပုံးများထားရှိ၍ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း