အုတ်တွင်း ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ မောင်းနှင်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ယာဉ်စည်းကမ်းလမ်း စည်းကမ်းဆိုင်ရာအသိပညာပေးခြင်းကို အုတ်တွင်း-ပြည်-ပေါက်ခေါင်းသွားလမ်း ဆုံနေရာတွင် ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး မြင့်ဇော်နှင့်အဖွဲ့၀င်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများ ပူးပေါင်း၍ ယာဉ်အန္တရာယ် ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊ လျော့နည်းကျဆင်းပပျောက်စေ ရေးအတွက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား ယာဉ်များမောင်း နှင်ရာတွင် ခါးပတ်ပတ်ပြီးမောင်းနှင်ရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင်လည်း ဆိုင် ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်ပြီးမှ မောင်းနှင်ရန်၊ လူနှစ်ဦးထက်ပိုမစီးရန်၊ ဘက်မှန်တပ်ဆင်ကြရန်၊ ဆိုင်ကယ်လိုင်စင်များ ယူဆောင်လာရန်နှင့် အနှေးယာဉ်များအား ရောင်ပြန်စတေ ကာများတပ်ဆင်သွားလာစေခြင်းစသည့် လိုက်နာရမည့် စည်းကမ်းချက်များနှင့် ရှောင်ရန်၊ ဆောင်ရန်အချက်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)