မြောက်ဦး နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးမြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်မှ မဲဆန္ဒရှင်မြေပြင်အမှန်ရရှိရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ဝန်ထမ်းများခရီးလာမည်ဆိုလျှင် တရားဝင်စာတင်ပြီးမှ သွားလာကြရန်တို့ကို မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးမောင်အေးလှိုင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများပေါင်းစပ်လုပ်ဆောင်ကြရန်တို့ကို ပြောကြားခဲ့ပြီးနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေမောင်ကလည်း ယခုနှစ်မိုးရာသီ မိုးနည်း သည့်အတွက် လက်ဆည်ကန်တွင် ရေအပြည့်မရရှိသောကြောင့် နွေရာသီတွင် အခက်အခဲရှိလာနိုင်မှုကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် လုပ်ဆောင်လျက်ရှိသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးလွင်ဖြိုးမှလည်း ခုဆောင်းရာသီတွင် နေကြာစီမံကိန်း လုပ်ဆောင်ရှိသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပေါင်းစပ်ဆောင်ရွက်ကြရန်တို့ကို ပြောကြားခဲ့ ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင် ( ပြန်/ဆက် )