ရသေ့တောင် နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်ဦးစီးဌာနတို့ပူးပေါင်း၍ ကလေးလုပ်သားပပျောက်ရေး အသိပညာပေး (Talk Show) စကားဝိုင်းကျင်းပပြုလုပ်သည်။ အဆိုပါ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက ကလေးလုပ်သားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုမင်းမောင်က ကလေးသူငယ်ဆိုသည်မှာ အသက်(၁၆)နှစ်မပြည့်သေးသောသူကိုခေါ်ဆို၍ လူငယ်ဆိုသည်မှာအသက်(၁၆)နှစ်ပြည့်ပြီး အသက်(၁၈)နှစ်မပြည့်သေးသောသူကို ခေါ်ဆိုသည်။ ပြည်သူများသိရှိနိုင်စေရန် ကလေးသူငယ်၏အလုပ်လုပ်ပိုင်ခွင့်များရရှိသည့် အသက်အရွယ်သတ်မှတ်ချက်၊ ကလေးအလုပ်သမားများ၏ လိုက်နာရမည့်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး အန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမားများအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးနေမှုများနှင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များအားကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ကူညီပံ့ပိုးခြင်း၊ စိတ်ပိုင်းဆိုင်ရာများ ပြန်လည်ပြုပြင်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပြည့်ပြည့်စုံစုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ထွန်းလင်းကျော်