ဂွမြို့၌ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ဒုတိယနေ့ဖြေဆို

ဂွ နိုဝင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် အ-ထ-က(ဂွမြို့)၌ အထွေထွေဗဟုသုတဘာသာရပ်ကိုဖြေဆိုခဲ့ကြောင်း သိရသည်။

မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ဂွမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ အထက်တန်းအဆင့် Grade-9 ၊ Grade-10 နှင့် Grade-11 တို့မှ ထူးချွန်ကျောင်းသား/သူ ၁၃ ဦး ဖြေဆိုခဲ့ကြသည်။ ထိုသို့ဖြေဆိုခဲ့ရာတွင် ယမန်နေ့နံနက်ပိုင်းက မြန်မာစာဘာသာရပ်ကိုဖြေဆိုခဲ့ကြပြီး ညနေပိုင်းတွင် အင်္ဂလိပ်စာသာဘာသာရပ်ကိုလည်းကောင်း၊ ယနေ့ဒုတိယနေ့တွင် နံနက်ပိုင်းက အထွေထွေဗဟုသုဘာသာရပ်ကိုဖြေဆိုခဲ့ပြီး ညနေပိုင်းတွင် နှုတ်ဖြေဘာသာရပ်ကိုလည်းကောင်း ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရွှေရည်ဝင်းကျော်