ချောက် သြဂုတ် ၁၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ချောက်)တွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉နာရီအချိန်က ယင်းကျောင်းရှိ စားသောက်ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမောင်မောင်အောင်နှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးသန်းဝင်းတို့က သင်တန်းဆင်းအမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (ချောက်) ဒုတိယ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာကလျာနိုင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ယင်းနောက် ချောက်ခရိုင် အုပ်ချုပ်ရေးမှူးဦးဌေးကျော်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းအောင် လက်မှတ်များနှင့် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရနှင့် အထူးဆုရရှိသူများအားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသား/ သင်တန်းသူများနှင့် တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြာင်း သိရသည်။
အဆိုပါသင်တန်းကို သြဂုတ် ၁၀ရက် မှသြဂုတ် ၁၄ ရက်အထိ သင်တန်းသား ၁၅ဦး၊ သင်တန်းသူ ၂၂ ဦး စုစုပေါင်း ၃၇ဦးဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဘာသာရပ်ပေါင်း ၁၅ ခု သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)