အိမ်မဲမြို့နယ်တွင်ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသောအသက် (၂)နှစ်အောက် ကလေး သူငယ်များအားငွေကြေးထောက်ပံ့ခြင်း အစီအစဉ် (MCCT) အကြောင်း သိကောင်းစရာ Talk Show ဆောင်ရွက်

အိမ်မဲ သြဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေး သူငယ်များအားငွေကြေးထောက်ပံ့ခြင်း အစီအစဉ်(MCCT) အကြောင်းသိကောင်းစရာ Talk Show ကို ယနေ့နံနက် ၁၁ နာရီတွင်ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး အိမ်မဲမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေထွန်းက ကိုယ်ဝန် ဆောင်မိခင်နှင့်၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များအားငွေကြေး ထောက်ပံ့ခြင်းအစီအစဉ်(MCCT)အကြောင်းသိကောင်းစရာ များကို အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့သည်။

ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ အားငွေကြေး ထောက်ပံ့ခြင်းအစီအစဉ် (MCCT) အစီအစဉ်ထောက်ပံ့ရာတွင် အိမ်မဲမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ MCCT တာဝန်ခံများမှတစ်ဆင့် လက်ဝယ်ထောက်ပံ့သွားမည်ဖြစ်ကြောင်းနှင့် MCCT အစီအစဉ်တွင် ယခင်က အကျိုးခံစားခွင့်ရရှိပြီးသော ကလေးများ၊ အကျိုးခံစားခွင့်ရရှိပြီး သောကိုယ်ဝန်ဆောင် မိခင်မှ မွေးဖွားလာသောကလေးငယ် (၄၆၁၆)ဦးအတွက် (၁၉၅၄၃၅၀၀၀)ကျပ်၊ ကိုယ်ဝန်ဆောင်မိခင် (၁၉၃၁)ဦးအတွက် (၈၅၁၈၅၀၀၀)ကျပ်  စုစုပေါင်း MCCT ထောက်ပံ့ငွေ (၂၈၀၆၂၀၀၀၀)ကျပ်ကိုထောက်ပံ့ပေးမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန် ထမ်းဦးစီးဌာနရုံးမှ သိရသည်။

"ကျွန်မတို့လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ကိုယ်ဝန် ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် (MCCT) ထောက်ပံ့ပေးရသည့်ရည်ရွယ်ချက်များမှာကလေးများ အတွက်ဖွံဖြိုးမှု အမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစရက်ပေါင်း (၁၀၀၀) အတွင်းမိခင်ရော ကလေးပါအာဟာရပြည့်ဝစွာစားသုံး တတ်သည့် အမူအကျင့်ကောင်းများရရှိကြစေရန်၊ မိခင်ရောကလေး ပါကာကွယ်ဆေးများ ထိုးကြရမည့် အမူအကျင့်ကောင်းများ ရရှိကြစေရန်၊ မွေးစာရင်း ပြုလုပ်ကြရန်၊ ကလေးမွေး တိုးစာရင်းပြုလုပ်ကြရန်၊ ကလေးပြုစုစောင့်ရှောက်မှု အသိပညာများရရှိကြစေရန်၊ သားဆက်ခြားမိသားစု စီမံကိန်းစနစ်တကျ ဆောင်ရွက်တတ်စေရန်၊ လက်သန့်ရှင်းရေးစနစ် တကျပြုလုပ်တတ်စေရန်၊ ကျန်းမာရေးဗဟုသုတများသိရှိပြီး ကျန်းမာရေးနှင့်အညီနေ ထိုင်တတ်စေရန်၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးများအားစနစ်တကျ ပြုစုစောင့်ရှောက်ပေး ရမည့်အသိပညာများရရှိကြစေရန်၊ ကလေးများ၏ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ မိခင်နို့တိုက်ကျွေးခြင်း၏အကျိုး ကျေးဇူးများကိုသိရှိစေရန်၊ အထူး ပြုစုစောင့်ရှောက်ရန်လို အပ်သော ကလေးငယ်များစောစီးစွာပြုစု၊ ကုသနိုင်စေရန်၊ အရပ်ပုညှက်မှုနှုန်း လျော့ကျစေရန်၊ ကိုယ်ဝန်ဆောင် နှင့်၂နှစ်အောက်ကလေးသေဆုံးမှုနှုန်းကို လျော့ချနိုင်ရန်၊ ထောက်ပံ့ငွေများအား အာဟာရအတွက်အဓိက အသုံးပြုရန်၊ကလေးများ၏ ခန္ဓာကိုယ် ရောညဏ်ရည်ပါ ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးရရှိကြစေရန်၊ အသက်အရွယ်ကြီး မြင့်လာသည်အချိန်တွင် နာတာရှည်ရောဂါများ ဖြစ်ပွားမှုနှုန်း လျော့ကျစေရန်နှင့် မိသားစု၏ စီးပွားရေးထိခိုက်မှု လျော့နည်းစေရန်၊ ဘေးဒုက္ခများဖြစ်ပွား လာပါက မိသားစုအာဟာရအတွက် တဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်၊ ကျန်းမာသန် စွမ်းသော နိုင်ငံသားကောင်းသမီး ကောင်းလေး များဖြစ်လာကြပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် စွမ်းအားပြည့်ဆောင်ရွက် နိုင်ကြရန်၊ "အစရှိသည့် ရည်ရွယ်ချက်များဖြင့် ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း မြို့နယ်လူမှုဝန် ထမ်းဦးစီး ဌာနမှ ဒေါ်ဝေဝေထွန်း(မြို့နယ်တာဝန်ခံ) ပြောကြားချက်အရသိရသည်။

ချစ်သက်လယ်(အိမ်မဲ)