မိုးညိုမြို့နယ်တွင် တောမီးနှင့်အခြားမီးများကြောင့် မီးလောင်မှုလျော့ချရေးနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေး‌ဟောပြောပွဲပြုလုပ်

မိုးညို ဩဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေပြည်သာရပ်ကွက်ရှိ၊ သစ်တောဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်း တောမီးနှင့် အခြားမီးများကြောင့် မီးလောင်မှုလျော့ချရေးနှင့် မီးခိုမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး‌ ဟောပြောပွဲပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ရဲအောင်က သစ်တော သစ်ပင်ပေါက်ရောက်နေသော နေရာများတွင် တောမီးမလောင်စေရေးကာကွယ်ရန်၊ တောင်ယာ စိုက်ခင်း အမှိုက် များ၊ရိုးပြတ်များမီးရှို့ရာတွင် မီးတားလမ်းများ ပြုလုပ်ဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်စိုးရိမ်ရသည့် နေရာများတွင် ပြုလုပ်ဆောင်ရွက်မည်ဆိုပါက မြို့နယ် မီးသတ်ဦးစီးဌာနသို့ အကြောင်းကြားရန်နှင့် ရှေးဦးမီးငြိမ်းသတ်ရေးပစ္စည်းများ အသင့်ဆောင်ရွက်ထားရန်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတိပေးကြေညာချက်များအတိုင်း လုပ်သားပြည်သူများမှ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော တောင်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး မြို့နယ် မီးသတ်ဦးစီးဌာနနှင့် သစ်တောဦးစီးဌာတို့ပူးပေါင်း၍ တောင်သူများအား တောင်ယာစိုက်ခင်းများ၌ မီးရှို့လျှင် မီးတားလမ်းပြုလုပ်ပုံအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)