အုတ်ဖို သြဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သင်မန်းကုန်းကျေးရွာအုပ်စု ကွင်းအမှတ် (၈၂၄) ဦးပိုင် (၉)၊ မှော်ဘီ (၃) မျိုးစေ့ထုတ်စံပြကွက် (၁၀.၀၀) ဧကတွင် အထွက်နှုန်းကောင်းမွန်စေရန်နှင့် မျိုးကောင်းမျိုးသန့် ရရှိနိုင်စေရန်အတွက် ပေါင်းလိုက်သမန်းနှိုးခြင်းနှင့် မြေသြဇာ ကြဲပတ်ခြင်း လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းမှ ကွင်းဆင်းကြည့်ရှုကာ တောင်သူများနှင့်တွေဆုံပြီး မိုးစပါးတစ်ဧက အထွက်နှုန်း တိုးတက်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီဆောင်ရွက်ကြရန်နှင့် ရာသီဥတုအခြေအနေအရ မိုးစပါးအောင်ရေများကို ထိန်းသိမ်းအသုံးပြုရန် ဆွေးနွေးပြောကြားခဲ့ ကြောင်းသိရသည်။
အောင်သူ