ဒေးဒရဲ သြဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေပွဲ အခမ်းအနား ကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ရုံးနှင့်ကျောင်းပတ်ဝန်းကျင်ရှိ ရေဝပ်နေရာများ၊ ခြုံနွယ်အမှိုက်များ ကင်းစင်ရေးလုပ်ငန်းများ ပြည်သူပါဝင်မှုဖြင့် အပတ်စဉ် ဆောင်ရွက်သွားရန်၊ ကလေးသူငယ်များ ဖျားနာပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် ဆေးကုသမှု ခံယူရန်၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရာ ပတ်ဝန်းကျင်အား ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်၊ မြို့နယ်အတွင်းရှိ ပြည်သူများအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပြီးစီးရေး စီမံချက်ရေးဆွဲ၍ ဆောင်ရွက်သွားရန်၊ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး နည်းလမ်းများနှင့် သံသယရှိလူနာများအား ဆေးကုသမှုခံယူရန် ကြိုတင် ဆောင်ရွက်ထားရန်၊ နွေစပါးစိုက်ပျိုးမည့် တောင်သူများအား ဓာတ်မြေသြဇာများ ဖြန့်ဖြူးပေး မည့်အခြေအနေများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးများအား ထောက်ပံငွေများ ပေးအပ်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက နယ်မြေအေးချမ်းသာယာရေး လုပ်ငန်းများ ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကျေးရွာအုပ်စု တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အခြေအနေ များ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသော တာဝန်ရှိသူများက သက်ဆိုင်ရာဌာန အလိုက် ဖြည့်စွက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အေဇာလင်း